လှပတဲ့ခြေထောက် ဖြစ်အောင် ပြုလုပ်ကြရအောင်
01-Mar-2017
အမျိုးသမီးများရဲ ့အလှအပတွေထဲမှာ ခြေထောက်တစ်စုံရဲ့ လှပမှုလည်း လိုနေပါသေးတယ်။ နီထွေးလှပနေတဲ့ ခြေထောက်တစ်စုံက ပိုးသားလေးလို လှပနေမယ်ဆိုရင်တော့ ဘယ်လို ဖိနပ်မျိုးတွေပဲဝတ်ဝတ် ခြေဗလာနှင့်ပဲဖြစ်ဖြစ် ပုရိသတိုင်းကို ဆွဲဆောင်မှုရှိနေမှာပါပဲ။
လှပတဲ့ခြေထောက်တစ်စုံဖြစ်အောင် ပြု ပြင်နိုင်သောနည်းလမ်းများ
၁။ အသားမာများကို ပုံမှန်ဖယ်ရှား
ခြေထောက်အသားမာတွေတက်တယ်လို့ဆိုကြပါတယ်။ ဒါတွေကအရေပြားရဲ့ ဆဲလ်သေ တွေ ဖြည်းဖြည်းများလာပြီး အချိန်ကြာကြာ ပွတ်တိုက်သန့်စင်မှုတွေ မလုပ်တာကြောင့် အရေပြားတွေဟာမာကျောလာရတာပါ။ ကြေးတွန်းမှုမရှိရင်ပဲဖြစ်ဖြစ်၊ခြေဖနောင့်နှင့်ဖဝါး တွေကို ပုံမှန်ပွတ်တိုက်မှု မရှိရင်ပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရေချိုးချိန်မှာ အချိန်ပေးပြီး ပွတ်တိုက်ပေးသင့်သလို ပွတ်တိုက်ပြီးချိန်မှာလည်း အစိုဓာတ်ကိုထိန်းတဲ့
ခရင်မ်တွေကို ချက်ချင်းလိမ်းပေးသင့်ပါသည်။
၂။ လက်သည်း၊ ခြေသည်းတွေ ကျန်းမာအဟာရဖြစ်စေဖို့
လက်သည်း၊ခြေသည်းတွေကို အထူးဂရုစိုက်ပြီး သက်သောင့်သက်သာရှိစေတဲ့ ဖိနပ်မျိုးတွေစီးတာတောင် လက်သည်း၊ခြေသည်းတွေပျက်စီးနေမည်ဆိုရင်တော့သင့်ရဲ့အစားအစာ စားသုံးမှုမှာ ပြသနာရှိနေတာ အမှန်ပါပဲ။ ဒီတော့ လိုအပ်နေတဲ့ ဗီတာမင်စီ၊ အီး၊ ဘီ၁၂၊ ဇင့်ဓာတ်တွေနှင့်အတူ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ အသား၊ ငါး၊ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသင့်ပါတယ်။ အာလူးနဲ့မုန်လာဥနီကိုလည်း ပါဝင်အောင် စားသင့်ပါတယ်။
၃။ ခြေဆစ်ရိုး
ခြေမနေရာကနေပြီး ခြေဆစ်ရိုးတွေဟာ တဖြည်းဖြည်းကြီးလာပြီး ကားထွက်လာကာခြေချောင်းလေးတွေ ပုံစံပျက်တတ်ပါသည်။ ခြေမဘေးကခြေဆစ်ရိုးဖု တဖြည်းဖြည်းကြီးမလာစေဖို့ ဖိနပ်ဝတ်ဆင်ရာမှာ သင့်ခြေ ချောင်းတွေထက် ကျယ်တာမျိုးကို ရွေးစီးသင့်ပါတယ်။ ခြေချောင်းထိပ်တွေ မကျယ်စေပါနှင့်။နောက်ဒေါက်မြင့်ဖိနပ်တွေကို မစီးသင့်ပါဘူး။ အခြေအနေရ လိုအပ်လာရင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
၄။ ခြေသည်းပုံမှန်ညှပ်ရန်
ခြေစွယ်ငုပ်ကြတဲ့ အမျိုးသမီးတွေအတွက်ပါ။ ဒါက ခြေသည်းရှည် ထားတတ်ကြတဲ့သူတွေဆိုရင် ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ခြေသည်းရှည် ထားခြင်းထက် ပုံမှန်လှီးဖြတ်ပေးရင်တော့ ခြေစွယ်ငုပ်တာ သက်သာစေနိုင်ပါသည်။ ဒီလိုလှီးဖြတ်ရာမှာလည်း ခြေသည်းထောင့်စွန်း နေရာတွေပါ မကျန်ညှပ်သင့်ပါတယ်။ ဒါမှ နည်းနည်းပြန်ရှည်လာရင် ထောင့်စွန်းတွေက အသားထဲသွားစိုက်မနေမှာပါ။ခြေသည်းရှည်ထားသူဆိုရင် ကြေးမဝင် အောင် ဂရုစိုက်သင့်သလိုထောင့်စွန်းတွေ လည်းညှပ်ပေးသင့်ပါတယ်။ နှစ်ပတ်တစ်ကြိမ် ခြေသည်းညှပ်သင့်သလို ချွန်မြနေတဲ့ ခြေသည်းမဖြစ်စေဖို့ သတိထားသင့်ပါတယ်။
၅။ ခြေသည်းဝါ၊ လက်သည်းဝါနေခြင်းကိုပြု ပြင်ခြင်း
အရောင်ရောင်ရင့်ရင့်လက်သည်းဆိုးဆေးတွေကိုအချိန်ချိန်ကြာကြာအသုံးပြု ခြင်းကြောင့် လက်သည်းခွံ၊ခြေသည်းခွံတွေဟာ ဝါနေတတ်ပါတယ်။ ဒါဆိုရင် ပြုပြင်ထိမ်းသိမ်းဖို့ အရမ်းလိုအပ်နေပါပြီ။လက်သည်းဖျက်ဆေးကို ဂွမ်းဖတ်မှာ ဆွတ်လိုက်ပြီးဆေးကြောသင့်ပါတယ်။ ပြီးရင် တံစဉ်းနဲ့ပွတ်တိုက်ပေးပါ။ခြေသည်းလက်သည်းတွေဟာ ခြောက်သွေ့တတ်တာမို့ ရေနံဂျယ်လီကို ခြေသည်း၊ လက်နဲ့ ခြေချောင်း၊ လက်ချောင်းလေးတွေပေါ်မှာ လိမ်းပေးပါ။ လက်သည်းဆိုးဆေးကြောင့်ဝါတာဆိုရင်ခုနကနည်းလမ်းတွေနှင့် ကာကွယ်နိုင်ပေမယ့် ပိုးဝင်သွားရင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသဖို့လိုပါသည်။
၆။ ခြေထောက်တွေ အရေပြားစိုပြေဖို့
ရေဓာတ်ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို ခြေထောက်ကို ပွတ်တိုက်ပေးပါ။ ဘာလို့လည်းဆိုတော့ ခြေထောက်အရေပြားက တခြားအရေပြားတွေထက် ပိုမိုခြောက်သွေ့တတ်လို့ပါပဲ။ အခုလို ရေဓာတ်ကို ပုံမှန်ဖြည့်တင်းပေးရင်တော့ခြေသည်းခွံပျက်စီးမှုကို ကာကွယ်ပေးပြီးသား ဖြစ်စေမှာပါ။
၇။ ခြောက်သွေ့မှုရှိစေချင်
ခြေထောက်နှင့် ခြေချောင်းလေးတွေကြားမှာ ရေစိုနေတာမျိုးမရှိရင်ကောင်းပါတယ်။
အမြဲတမ်း ခြောက်သွေ့နေရပါမယ်။ ရေစိုနေသေးတဲ့ ခြေအိတ်တွေ၊ ဖိနပ်တွေကို မစီးမိပါစေနဲ့။ နောက်ပြီး ခြေစွပ်တွေကိုလည်း နေ့စဉ်လျှော်ဖွတ်ပြီးမှ သုံးသင့်ပါတယ်။ ခြေချောင်းတွေ ကြားထဲမှာ ရေရှိနေရင်၊ သဲရှိနေရင်တော့ ရေဝဲ၊ သဲဝဲတွေစားပြီး ခြေထောက်ကို ထိခိုက်စေမှာပါ။
၈။ ဖနောင့်အလှ
မိန်းခလေးတွေရဲ့ အလှကလည်းခြေသည်းအပြင် ဖနောင့်လည်းအပါအဝင်ပါ။ သန့်ရှင်းပြီး ချောမွေ့နီရဲနေတဲ့ ဖနောင့်က ဆွဲဆောင်မှုတွေ ရှိစေပါတယ်။ ဖနောင့်ကို အသားမာတတ်တာမျိုးတွေ၊ ကွဲအက်တာမျိုးတွေမရှိပါစေနဲ့။ ဖိနပ်ကျပ်ကျပ်တွေ တွေကြောင့်ထိခိုက်မိတာမျိုး မဖြစ်စေဖို့လိုပါတယ်။ ခြေထောက်ရဲ ့ ဖိအားကြောင့်ခြေဖနောင့် နာကျင်ထိခိုက်မှု ရှိနေမယ်ဆိုရင်တော့ သင့်ခြေထောက်တွေဟာ လှပမှုမရှိသလို ယုံကြည်မှုလည်း ရှိစေမှာမဟုတ်ပါဘူး။
၉။ အိမ်တွင်းမှာ ခြေထောက်လေးတွေသန့်စင်မယ်
(၁) ဇလုံအသေးလေးထဲကို ရေနွေး(ကြက်သီးနွေး) ကို အနည်းငယ်ထည့်မယ်။ခြေထောက်လေးတွေ မြုတ်လောက်သည့် အထိပေါ့။
(၂) ဆပ်ပြာရည် နှစ်စက်သုံးစက်ခန့်ထည့်ပြီး အမြှုပ်တွေထတဲ့အထိ မွှေပါ။
(၃) အဲဒီနောက်မှာတော့ မိမိ၏ ခြေထောက်တစ်စုံကို ဇလုံထဲ အသာအယာထည့်ပြီး ၁ဝမိနစ်ခန့်ထားပေး ရပါသည်။
(၄) ပြီးရင်တော့ လက်ကိုင်ပုဝါ အသေးစားလေးကို ရေစိမ်ပြီး ရေကုန်အောင်ညှစ်ပေးလိုက်ပါ။ အဲဒါလက်ကိုင် ပုဝါလေးနှင့်ခြေဖမိုး၊ ခြေချောင်းကြားထဲကို သုတ်ပေးလိုက်ပါ။ အားလုံးသုတ်ပေးပြီးရင်တော့ အစိုဓာတ်ပါတဲ့ ခရင်မ်တစ်မျိုးကိုလိမ်းပေးသင့်ပါတယ်။
Credit :
ဘုန်နေလ - ဒဂုံတက္ကသိုလ်
Health For All Magazine
No.103 , p.44, August 2015